မော်တော်ယာဉ် ရပ်နားစခန်းကို KEP Logistics Co.,Ltd.ပိုင် ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာတွင် တည်ရှိသည့် မြေအကျယ်အဝန်း (၂၈)ဧကရှိ ရွာမြေပေါ်တွင် ဆောက်လုပ်ထားပါသည်။ မိမိကုမ္ပဏီပိုင်ယာဉ်များ သာမက ဝိုင်းမော်မြို့နယ်တွင် အခြားကုမ္ပဏီပိုင်ယာဉ်များ၊ ပုဂ္ဂလိကပိုင် ယာဉ်များကိုပါ စနစ်တကျ ညအိပ်ရပ်နားနိုင်ရန်အတွက် အဆင့်မှီ ယာဉ်ရပ်နားစခန်းအဖြစ် တည်ဆောက်ထားပါသည်။ ထို့အပြင် KEP Logistics မော်တော်ယာဉ် ရပ်နားစခန်းအတွင်း ၊ 20’x40’အကျယ် ကုန်စုံစတိုးဆိုင်တစ်ဆိုင်၊ 80’x160’အကျယ် မော်တော်ယာဉ် စက်ပြင်အဆောက်အဦး၊ 120’x60’ အကျယ်ဂိုထောင်(၁)လုံး၊180’x60’ အကျယ်ဂိုထောင်(၁)လုံး နှင့် 40’x80’အကျယ် စားသောက်ဆိုင်များ ကိုလည်း တည်ဆောက်ပြီးစီးပြီး ဖြစ်ပါသည်။ 34’x95’အကျယ် ဝန်ထမ်း အဆောင်(၂)လုံး၊ ယာဉ်ရပ်နားစခန်း ကြီးကြပ်ရေးမှူးနှင့် လုံခြုံရေးဝန်ထမ်းများကိုလည်း ခန့်အပ်ပြီးစီးပြီ စီမံဆောင်ရွက်လျက်ရှိပါသည်၊၊