KEP စက်သုံးဆီအရောင်းဆိုင်ကို ဝိုင်းမော်မြို့နယ်၊ မဒိန်အုပ်စု၊ လဘန်တန်ဘောင်ကျေးရွာရှိ ကုမ္ပဏီပိုင် (၁.၀၁)ဧကရှိမြေပေါ်တွင်တည်ရှိပြီး KEP မော်တော်ယာဉ်ရပ်နားစခန်းနှင့်လည်း တဆက်တည်းတည်ဆောက် ထားပါသည်။ မြေအောက်ဆီသိုလှောင်ကန်၌ စုစုပေါင်းဂါလံ(၅၅၀၀၀)သိုလှောင်နိုင်သော စက်သုံးဆီဆိုင်ကြီး ဖြစ်ပြီး စက်သုံးဆီ ရောင်းချရာတွင်လည်း ခေတ်မှီနည်းစနစ်ဖြစ်သော (Filling Management System)များကို အသုံးပြုပြီး ရောင်းချသွားမည် ဖြစ်ပါသည်။ တည်ဆောက်ရေးလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ပြီး COVID-19 ကပ်ဘေးရောဂါအခြေအနေများ ကောင်းမွန်လာသည်နှင့်တစ်ပြိုင်နက် စတင်ဖွင့်လှစ် ရောင်းချသွား မည်ဖြစ်ပါသည်။